Sunday, April 11, 2010

ခံစား ချက် ဒိုင်ယာရီ

နှလုံးသားဟာ ရွှေမကွပ်ထားတဲ့အတွက်………
ဂုဏ်၊ငွေကြေး၊ အဆင့်အတန်းတွေ မလိုဘူးလေ…….
ဘယ်လိုပဲ ဘ၀ခြားခြား ……….
နှလုံးသား နှစ်စုံသာ နီးစပ်ခဲ့ရင်…………
ဖြူစင်တဲ့ အချစ်တစ်ခု ဖြစ်ပေါ်လာမှာပါ……


နင်
ငါ့ကို မုန်းတယ်လို့ ပြောတဲ့ နေ့ဟာ……..
ငါ့ကမ္ဘဲာပြိုပျက်တဲ့ နေ့ပါ……..
ဒါကြောင့် ငါ့ကို မုန်းတယ်လို့ မပြောခဲ့ပါနဲ့ ချစ်သူရယ်…….
နင်
ငါ့ကို မချစ်တော့ရင် နှုတ်ဆိတ်ငြိမ်သက်စွာ ငါ့နှလုံးသားထဲက ထွက်သွားလိုက်ပါ……..
ငါ့အလွမ်းတွေ သယ်ဆောင်သွားဖို့လည်း မမေ့ပါနဲ့ နော် ချစ်သူ…….


အချစ်ဆိုတာ
အပင်တွေ ကိုင်းကူးသလို ကူးပြီးစိုက်လို့ မရနိုင်ပါဘူး………
ကိုယ်တိုင် ပျိုးထောင် စိုက်ပျိုး ရမှာပါ……..
ငါ နင့်အတွက် အချစ်ပန်းခင်း စိုက်ပျိုးထားပါတယ်……
နင် လိုရင် လိုသလို ခူးဆွတ်လှည့်ပါ
မဖျက်ဆီးခဲ့ပါနဲ့ လို့ ငါတောင်းပန်ပါရစေ……..

လူတွေဟာ အချစ်နဲ့ မကင်းကြသလို
ငါဆိုတာ နင်နဲ့ ဝေးလို့ဖြစ်မှာ မဟုတ်ဘူး……….
ငါ့အနားမှာ ထားဝရ ရှိနေပေးပါနော်………

ပွင့်ကြွေခရေကောက်သူ မဟုတ်ပေမယ့်
မင်းကြွေလာရင် ငါ့ရင်ခွင်က မင်းအတွက် အသင့်ပါ ချစ်သူ……….

မေရေ
ပိတောက်တွေတောင် ပွင့်ပြီကွာ….
ကိုယ့်ရင်မှာ တစ်ရက်မှ မမေ့ခဲ့ပါဘူး သင်္ကြန်သူလေးကို
မင်းကေသာက ပိတောက်ပွင့်တွေကို
ကိုယ် ခုထိ တမြတ်တနိုး ရှိနေဆဲပါ……..

ငါ နင့်ကို ချစ်တာ အပြစ်မဟုတ်ဘူး…..
နင် ငါ့ကို ချစ်တာ အစစ်မဟုတ်ဘူး…..
အတု ဆိုတာ မလတ်ဆတ်ဘူး

နင် ငါ့ကို ညာလို့ရပေမယ့်
အချစ်ကိုတော့ ညာလို့ မရဘူး
ဘ၀ဆိုတာ ငါတို့ နှစ်ယောက်ကြားမှာ ကာလို့ မရဘူး…..
နင့် အချစ်ကို နင်ညာရင် အချစ်စူး စူးလိမ့်မယ်…….
အချစ်စူးကို ဘယ်ဆရာဝန်မှ နှုတ်လို့ မရဘူး…..
ငါက လွဲရင်ပေါ့……….
လေပြေတိုက်ရင် အေးမြသလို
လေပူတိုက်ရင် ခြောက်သွေ့တယ်
မင်းအချစ်က အေးမြမှာလား။ ပူပြင်းမှာလား…….?

ငါ နင့်အပြုံးတစ်ချက် ရဖို့အတွက်
ရူး မလောက် ကြိုးစားခဲ့ရတယ်……..
နင့် အမုန်းဆိုရင် အိမ်မက်ထဲတောင် ထည့်မမက်ချင်ဘူး……

နင့် မျက်ဝန်းတွေကို ငါမကြည့်ရဲဘူး….
အမုန်းတွေပါလို့…..
နင့်စကားတွေ နားထောင်နိုင်စွမ်းမရှိဘူး…..
အခါးတွေပါလို့………
နင့်အနားကို မလာရဲဘူး……
ငါ့ဘက်မှာ အရှုံးတွေပါလို့ ….

ကြယ်တွေကြည့်ပြီး နင့်ကို လွမ်းခဲ့ရတဲ့
ငါ ည တွေ ကုန်ဆုံးခဲ့ရတာ နင်မသိပေမယ့်
ကြယ်လေးတွေသိပါတယ်….နင် မယုံရင် ကြယ်လေးတွေ မေးကြည့်နော်….

ဝေးနေတဲ့အခါ ဆယ်ကမ္ဘာကြာပေမယ့်
တွေ့ရတဲ့ အခိုက်
တဒင်္ဂမှာ
ဒီကမ္ဘာမှာ ငါရှိနေတာ မေ့သွားတယ်……..
လူတွေက အချစ်အတွက်ဆို အသက်ပေးရဲတယ်လို့ ကြားဖူးတယ်…..
နင်ယုံလားဟင်
ငါကတော့ နင့်အတွက်ဆို ငါ့ရဲ့အချစ်တွေ အတိုင်းအထက်အလွန် ပေးရဲပါတယ်……

မယ်သီတာက ဒဿကို ဘာလို့ မုန်းတာလဲ
ခေါင်းဆယ်လုံး ရှိလို့လား
ဒါဆို ငါက ခေါင်းတစ်လုံးထဲပါ ချစ်သူရယ် …….မမုန်းလိုက်ပါနဲ့နော်……

SPY ဆိုတာ သူလျှိုတဲ့
ဒါဆို နင့်အတွက် ငါက သူလျှိုပေါ့
SPY ware ဆိုတဲ့ အမုန်းတွေ မကာထားပါနဲ့နော်……

ကောင်းကင်ပြာတာ ဘယ်သူဆေးရောင်ချယ်သလဲ
နင့်ကို လွမ်းတာ ဘယ်သူသိနိုင်မှာလဲ….

နင့်ကို ချစ်တဲ့ ငါ့အချစ်ကို Computer နဲ့ တွက်ချက်ကြည့်ရင်
Circuit ပြားတွေ အရည်ပျော်ကုန်လိမ့်မယ်နော်….
ဘီးလ်ဂိတ် တရားစွဲရင် နင်လည်း အပြစ်မကင်းဘူးနော်……

လူတွေက ဘာလို့ အမှောင်ကို ကြောက်တာလဲ
အလင်းရှိနေလို့လား …..
ငါကရော နင့်အမုန်းကို ဘာလို့ ကြောက်တာလဲ …
အချစ်ရှိနေလို့လား……
ငါ့ အလွမ်းကိုသာ စိုက်ပျိုးလို့ရရင်
ခု လောက်ဆို ငါ သူဌေးကြီးဖြစ်နေပြီ သိလား….

ဘဏ်ကို ဓါးပြတိုက်ရင် ပိုက်ဆံရမယ်……
မင်းကို ဓါးပြတိုက်ရင် အချစ်ပဲရမယ်……
တော်ပြီ
ဘဏ်ကိုပဲ ဓါးပြတိုက်တော့မယ်……
မင်းလိုချင်တာ ပိုက်ဆံတွေမို့လို့လေ…..

နင့်ကို အနမ်းတစ်ခါ ပေးရင်
အလွမ်းဆယ်ခါ မပေးပါနဲ့….
နင့်ကို အနမ်းဆယ်ခါပေးတဲ့
အလွမ်း တစ်ခါပဲ ပေးပါ ချစ်သူရယ်….

မျဉ်းပြိုင် နှစ်ကြောင်း ဆုံတဲ့နေ့ဟာ
နင် ငါ့ကို ချစ်တဲ့နေ့ ဖြစ်ပါစေလို့
ငါ ဆုတောင်းနေပါ့မယ်…….

ကျေးဇူးတင်တယ် ဆိုတာ မုန့်ဝယ်ကျွေးလို့လား
ဒါဆိုရင် မတင်ပါနဲ့ အုံး
နင် ငါ့ကို ချစ်တယ်လို့ ပြောတဲ့ နေ့ဟာ အဲ့ဒီကျေးဇူး ကျေပြီလေ…
ကျေးဇူး မတင်ကြေးပေါ့ ချစ်သူရယ်……..

အိမ်ရှင်မ ရာထူးကို ဘယ်သူ့မှ မပေးဘူးနော်
မင်းတစ်ယောက်ပဲ ပေးမှာ
လွယ်လွယ်ရတယ် မထင်လိုက်ပါနဲ့…..
ငါကြိုက်ခဲ့တဲ့ မိန်းမတော်တော်များများ
ဒီအခွင့်အရေး မရသွားရှာဘူး…..

No comments: